ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ Deacon၄ပါး ထပ်မံရရှိခြင်း ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့ နံနက်၈နာရီအချိန်တွင် Deacon သိက္ခာ ခံယူခြင်း အခမ်းအနားကို ပုသိမ်မြို့ စိန့်ပီတာ ကာသီဒြယ်ကျောင်းတော်ကြီးတွင် ကျင်းပ ခဲ့ပါသည်။ Deacon သိက္ခာခံယူခဲ့သောသူများမှာ Bro.Bartholomeus ချန်းလုံထွန်း (မေရီလန်းသာသနာ), Bro. Raymond စစံကျော်သူ(ချမ်းသာကုန်းသာသနာ), Bro. Sylvester စောဧဒင်ဦး (ဇောင်းတန်းသာသနာ) နှင့် Bro.Christopher စနန်းဝင်း (ကနစိုးကုန်းသာသနာ) တို့ဖြစ်ကြပါသည်။ ပုသိမ်ကက်သလစ်သာသနာ ဆရာတော်ကြီး Bishop Henry Eikhlein၏ လက်တော်မှ Deacon သိက္ခာကို ခံယူခဲ့ကြပါသည်။ Deacon သိက္ခာကို ခံယူမည့် ဤBrother၄ပါးသည် ဘဝတစ်လျောက်လုံး အိမ် ထောင်မပြုပဲ…