Rvwàng dvcì Keni Bro. Patrick Chán Dø Rvm nvng àng mvdò rì kèní Svrabín koqkvm Francis kaq svng vhøm nø vtoqshì we

Vdè Myanmar móngdàn, Kachin móngwvl kèní Rvwàng dvcì Bro. Patrick Chán Dø Rvm nvng àng mvdò rì kèní Svrabín koqkvm Francis kaq svng vhøm nø vtoqshì we

13 October 2024 ni taq yanila Vatican móngdànø Gvray paqzí cvnshì nø vlwe vdè Rvwang dvcì kèní Brother Patrick Chán Dø Rvm nvng àng mvdò rì taqkèní Svrabín koqkvm (Pope Francis) kaq svng vdè dvcì góng gwá, waqkàng vgo mo gømpaq zúshì taqsórí pàmvrà wanø vtoqshì lún bøà we íe.

Vdè dvcì kèní yadø Svrabín koqkvm nvng vhøm nø dvmvn lúnwe nø nvmlat boq íbøì we svng Gvray jejú kaq oqà wà ìe.

ရောမမြို့မှာပညာဆည်းဖူးနေကြတဲ့ မြန်မာပြည်မှ ကိုရင်များ ၁၃/၁၀/၂၀၂၄ ရက်မှာ ပုပ်ရဟန်းမင်းကြီးအားဂါရဝပြုခွင့်ရ

နှစ်စဉ်ဆိုသလို အာရှနိုင်ငံများ၊ လက်တင်အမေရိကနဲ့အာဖရိကနိုင်ငံများမှ ရောမမြို့ရှိ Urbano ရဟန်းဖြစ်ကျောင်းမှာနေထိုင်ပြီး ဓမ္မပညာဆည်းဖူးနေကြတဲ့ ရဟန်းဖြစ်ကျောင်းသား ကိုရင်များဟာ ပုပ်ရဟန်းမင်းကြီးအား သွားရောက်တွေ့ဆုံ ဂါရဝပြုကြရာ ဒီနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မြန်မာပြည်မှလည်း ကိုရင် ၄ ပါးလည်းပါဝင်ကြောင်းသိရပါတယ်။

ရဟန်းမင်းကြီးနဲ့တွေ့ဆုံဂါရဝပြုရာမှာ ကိုရင်များဟာ မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုအဝတ်အစားများကို ဝတ်ဆင်ရင်း ဂါရဝပြုကြရပါတယ်။ ရဟန်းမင်းကြီးနဲ့တွေ့ဆုံခွင့်ရတဲ့ မြန်မာပြည်မှကိုရင်များမှာ မြစ်ကြီးနားသာသနာမှ Bro Doi San, စိန်ပေါအသင်းဂိုဏ်းဝင် ရဝမ်အမျိုးသား Bro Chan Dee Ram နဲ့ Bro William, မန္တလေးသာသနာမှ Bro Raymond တို့ဖြစ်ကြပါတယ်။

Bro Doi San မှ ရဟန်းမင်းကြီးအား Jinghpaw ရိုးရာလွယ်အိတ်လက်ဆောင် ဆက်သခဲ့ပြီး Bro Chan Dee Ram မှလည်း ရဝမ်ရိုးရာ ဦးထုပ်အား လက်ဆောင်အဖြစ် ဆက်သခဲ့ကြောင်းသိရပါတယ်။ ရဟန်းမင်းကြီးအား ရဝမ်ရိုးရာ လက်ဆောင်ဆက်သနိုင်ခြင်းက ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

၎င်းရောမမြို့ရှိ Urbano College ကျောင်းမှာ နေထိုင်ကြတဲ့ နိုင်ငံအသီးမှ ရဟန်းဖြစ်ကျောင်းသားများဟာ မိမိတို့နိုင်ငံများ၌ Philosophy ပညာရပ်များကိုသင်ယူပြီးမြောက်ပြီး Theology ပညာရပ်များအား Urbaniana University မှာ (၃) နှစ် ဆက်လက်သင်ယူကြရတာဖြစ်ပါတယ်။

Crd #FrJohnAungHtoi#rvarawang

+3

See insights

Boost a post

All reactions:

7070

Leave a Reply

Your email address will not be published. Required fields are marked *