

Catholic Sasvna, Myitkyina Svrado Gø̀rwang øpshúpè Bishop John Mung Ngawn La Sam bvdó móng svng nvmlat boq waboq dvbùshvng tvrà tuq ráì we
ကက်သလစ် သာသနာ၊ မြစ်ကြီးနားဂိုဏ်းအုပ်ဆရာတော်ကြီး ဂျွန်မုန်ငုန်လဆမ် ပထမဆုံးအကြိမ်အဖြင့်ပူတာအိုမြို့သို့သာသနာနယ်လှည့်ခရီးစဉ် ရောက်ရှိ
Catholic Sasvna, Myitkyina Svrado Gø̀rwang øpshúpè Bishop John Mung Ngawn La Sam bvdó móng svng nvmlat boq waboq dvbùshvng tvrà tuq ráì we
၁၇ ဒီဇင်ဘာ ၂၀၂၅
ကက်သလစ်သာသနာ၊မြစ်ကြီးနားဂိုဏ်းအုပ်ဆရာတော်ကြီးဂျွန်မုန်ငုန်လဆမ်နှင့်ဘုန်းတော်ကြီး Msgr. Hka Awng Tu တို့သည် ၁၇ ဒီဇင်ဘာ ၂၀၂၅ နေ၌ ပူတာအိုမြို့သို့ ဆရာတော်ကြီးဂျွန်မုန်ငုန်လဆမ်၏လက်ထက်ပထမဆုံးအကြိမ်သာသနာနယ်လှည့်ခရီးစဉ်အဖြင့်ရောက်ရှိခဲ့ပြီဖြစ်သည်။
ကြွရောက်လာသည့်ဆရာတောဘုရားအားပူတာအိုကျောင်းထိုင်ဘုန်းတော်ကြီးဂျွန်ဘင်တူးအောင်နှင့်အတူဘာသာတူများမှလှိက်လှဲစွာကြိုဆိုနုတ်ဆက်ခဲ့ကြပြီးရိုးရာအကအလှများ၊ဝတ်စုံများ၊လီဆူရိုးရာ (ဇာပါ)များဖြင့်ကြိုဆိုဂုဏ်ပြုခဲ့သည်။
၂၇၊၁၂၊၂၀၂၅ (စနေနေ့)တွင်ကြွရှောက်လာသည့်ဆရာတော်ကြီးနှင့်အတူပူတာအိုမြို့၊စိန့်အန်ထော်နီဘုရားကျောင်းတော်တွင်ခရစ္စမတ်မစ္ဆားတရားတော်မြတ်ကိုကျင်းပကြမည်ဖြစ်သည်။


