

PILGRIMS OF HOPE
မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျူဘီလီပွဲတော်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျူဘီလီမစ္ဆားတရားတော်မြတ်ကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် အဖကာဒီနယ် ချားလ်စ်မောင်ဘို မှဦးဆောင်၍ ရဟန်းမင်းကြီးရုံးဆိုင်ရာ ဗာတီကန်သံအမတ် Msgr. Andrea Ferrante နှင့် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာအသီးသီးမှ အဖဆရာတော်ကြီးများ ခြံရံလျှက် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ဂျူဘီလီ၏ကောင်းကြီး ဆုကျေးဇူးများရရှိခံစားရန် ဂျူဘီလီမစ္ဆားတရားတော်မြတ်၌ အတူတကွ ပါဝင်ဆုတောင်းကြပါစို့။
နေ့ရက်။ ဇွန်လ ၂၂ ရက်နေ့ ၂ဝ၂၅၊ တနင်္ဂနွေနေ့။
အချိန်။ ညနေ ၅း၀၀ နာရီ ဂျူဘီလီမစ္ဆားတရားတော်မြတ် နေရာ။ စိန်မေရီ ကာသီဒြယ်၊ ရန်ကုန်မြို့။
ဂျူဘီလီပွဲတော်ရက်အတွင်းဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် သာသာနာအသီးသီးမှ ဂျူဘီလီပွဲတော်များ ကျင်းပခြင်းပုံရိပ်များကို သာသနာ့ခန်းမဆောင်တွင် ခင်းကျင်းပြသထားမည်ဖြစ်ပါသောကြောင့် လေ့လာကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။


